စာရေးသူ

အားလုံးမြင်နိုင်ရန်
Tim Gustafson

တင်မ်ဂပ်စ်ထက်ဖ်ဆန်

တင်မ်ဂပ်စ်ထက်ဖ်ဆန် (Tim Gustafson) သည် Our Daily Bread နှင့် Our Daily Journey စာစောင်များ ရေးသားပြီး၊ 'လေ့လာမှတ်သားဖွယ်စာစဉ်' ( Discovery Series) များကို တည်းဖြတ်ပေးသည်။ ဂါနာနိုင်ငံသို့ သာသနာသွားပြုသည့် အမှုတော်ဆောင် ဇနီးမောင်နှံ၏ မွေးစားသားတစ်ယောက်အနေနှင့် ၎င်းတွင် အနောက်နိုင်ငံ၌ နေရသည့် ဘဝနှင့်ပတ်သက်ပြီး တမူထူးသော ရှုထောင့် ရှိသည်။ သူ၏ဇနီးမှာ Leisa ဖြစ်ပြီး သမီးတစ်ဦးနှင့် သားခုနှစ်ယောက်ရှိသည်။ ထို့ကြောင့် သူ့အသက်တာ၏ လက်ဆွဲကျမ်းချက်မှာ "ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏" (ဆာလံကျမ်း ၆၈:၅-၆) ဖြစ်သည်မှာ အဆန်းမဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ရေတို့ နီထွေးသွားသောအခါ

ဓာတ်ပုံနှင့် ရုပ်ရှင်ဗီဒီယိုများ မပေါ်သေးသည့်ခေတ်၌ သခင်ယေရှု အဘယ်ကြောင့် ဤ လောကသို့ ကြွဆင်းလာခဲ့သနည်း။ သူ့ကို လူတိုင်းတွေ့ရပါက လူအများအပြား သူ့အား လက်ခံယုံကြည်မည် မဟုတ်ပါလား။ ရုပ်ပုံတစ်ပုံက စကားလုံးတစ်ထောင်နှင့် တန်ဖိုး ညီပါသည်မဟုတ်လား။ `နှုတ်တစ်ရာ စာတစ်လုံး´ ဟူသည့် ဆိုရိုးလည်းရှိသည်။
သို့သော် Ravi Zacharias က "စကားတစ်လုံးက ရုပ်ပုံ တစ်ထောင်နှင့် ညီမျှသည်" ဟု အခိုင်အမာဆိုသည်။ သူက "သတိရှိသောရေကား ၎င်း၏အရှင်သခင်အား မြင်တွေ့သော် ရှက်သွေးနီနီဖြာခဲ့တာ" ဟူသည့် ကဗျာဆရာ Richard Crashaw ၏ ကဗျာစာသားများကို ကိုးကားညွှန်းခဲ့သည်။ ရေမှစပျစ်ရည်သို့ ပြောင်းစေသည့် သခင်ယေရှု၏ ပထမဆုံးသော အံ့ဖွယ်နိမိတ် လက္ခဏာ၏အနှစ်သာရကို Crashaw က အမိအရဖော်ပြသည် (ယော ၂း၁-၁၁)။ ဖန်ဆင်းခံအရာကို၌က ယေရှုရှင်အား ဖန်ဆင်းရှင်အဖြစ် သိမှတ်သည်။ မည်သည့်လက်သမားကမှ…

ပုန်းလျိုးနေသော ခြင်္သေ့များ

ကျွန်တော်ငယ်စဉ်က  ကျွန်တော့်ဖခင်သည်  ချုံပုတ်ထဲတွင်  ပုန်းနေပြီး  ခြင်္သေ့ကဲ့သို့ဟိန်းကာ
ကျွန်တော်တို့ကို `ခြောက်´ လေ့ရှိသည်။ ၁၉၆၀ ခုနှစ်ခန့်က ကျွန်တော်တို့သည် အာဖရိကတိုက်
ဂါနာနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်ခဲ့ရာ ကျွန်ုပ်တို့အနီးအနားတွင် ခြင်္သေ့ပုန်းခို နေရန်မှာ
မဖြစ်နိုင်ပါ။  ကျွန်ုပ်တို့ညီအစ်ကိုသည်  ရယ်မောလျက်  အသံလာရာနေရာကို  ရှာဖွေကာ
ဖခင်နှင့် ဆော့ကစားရသည်ကို ကြည်နူးပျော်ရွှင်ခဲ့ကြသည်။
တစ်နေ့တွင်  ကျွန်တော့်သူငယ်ချင်းတစ်ဦးသည်
ကျွန်တော်တို့ထံ  လာလည်ပြီး  ဆော့ကစားနေကြစဉ်  ခြင်္သေ့
ဟိန်းဟောက်သံကိုကြားလိုက်ရာ၊  ထိုသူငယ်ချင်းမှာ  အော်၍
ထွက်ပြေးတော့သည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးမှာ ဖခင်၏
အသံကိုသိပြီး  ထိုအန္တရာယ်မှာ  ခြင်္သေ့အတုသာ  ဖြစ်ကြောင်း
သိပါသော်လည်း၊  ရယ်စရာကောင်းသည်မှာ  ကျွန်ုပ်တို့လည်း
သူနှင့်အတူ  ထွက်ပြေးခဲ့သည်။  ကျွန်တော့်သူငယ်ချင်း  အလွန်
ထိတ်လန့်သွားသည်ကို  အဖေစိတ်မကောင်းဖြစ်ခဲ့ပြီး၊  အခြားသူများ၏  အထိတ်တလန့်
တုံ့ပြန်မှုကို ကူးစက်လွှမ်းမိုးခြင်းမခံရရန် ကျွန်တော်တို့ညီအစ်ကို သင်ခန်းစာရရှိခဲ့သည်။
ယောရှုနှင့်  ကာလက်သည် …

ဂိုး ဖီဘာ

ရာသီဥတုအခြေအနေကြောင့် ချဲလင့်ဂျာ အာကာသယာဉ်ကိုလွတ်တင်ရန် ၅ ကြိမ် နှောင့်နှေးခဲ့ပြီး၊ ၁၉၈၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်တွင် ချဲလင့်ဂျာ အာကာသယာဉ် သည် မိုးချုန်းသံတစ်မျှ မြည်ဟီးလျက် မီးတောက်ကြားမှ ကောင်းကင်သို့ ထိုးတက် သွားပြီး ၇၃ စက္ကန့်သာ ကြာပါသည်။ ယာဉ်ကြီးပေါက်ကွဲကာ လိုက်ပါသွားသူ ၇ ဦး စလုံး သေဆုံးသွားသည်။
၎င်းသည် အာကာသယာဉ်ကို ဖွဲ့စည်းတည်ဆောက် ထားသည့် အိုရင်း (O rings) အ၀ိုင်းများ ခံနိုင်ရည်မရှိဘဲ အအေးလွန်ကဲသောအခါ ကျွတ်ဆတ်ပျက်စီးသွားခြင်း ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
အရေးကြီးသည့် ကြိုတင်ပြင်ဆင်မှုများ မလုပ်ဘဲ ကြီးမားသောပန်းတိုင်ကို အဆောတလျင် အကောင်အထည် ဖော်ရန်သာ အလျင်စလို ပြုခြင်းကြောင့် အဖတ်ဆယ်၍ မရသောအမှား  Go fever ဟု လည်းဆိုကြသည်။
လူ့သဘာဝက ရည်မှန်းချက်ကြီးပြီး…

ကြေခဲသည့် အသိပညာ

ဗြိတိသျှ သံတမန် Lancelot Oliphant (1881-1965) ရေးသားသည့် ဘာသာဗေဒ ဆိုင်ရာစာအုပ်၌ ကျောင်းသားများစွာတို့သည် စာမေးပွဲ၌ မှန်သောအဖြေကို ဖြေဆိုနိုင်ကြ သော်လည်း ထိုသင်ခန်းစာများကို လက်တွေ့မကျင့်သုံးကြောင်း သူလေ့လာဖော်ပြ ထားသည်။ ‘‘ထိုသို့ မကြေညက်သည့် အသိပညာသည် ဘာမှအသုံးမ၀င်’’ဟု Oliphant က ဆိုခဲ့သည်။
တစ်ဖန် စာရေးဆရာ Barnabas Piper ကလည်း သူ့ဘ၀၌ အထက်ပါကဲ့သို့ သတိပြုတွေ့ရှိခဲ့သည်မှာ ‘‘ကျွန်တော်က အဖြေအားလုံးသိနေတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားနဲ့နီးတယ်လို့ ထင်ခဲ့တယ်။ ဒါဟာ သခင်ယေရှုနဲ့ မိတ်သဟာယဖွဲ့ ဆက်ဆံခြင်းနဲ့ အတူတူဘဲလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားခဲ့တယ်’’ ဟုဆိုသည်။
တစ်နေ့တွင် ဗိမာန်တော်၌ သခင်ယေရှုသည် မိမိ၌ အဖြေအလုံးစုံရှိသည်ဟု မှတ်ထင်နေကြသည့်လူတစ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ၎င်းတို့က ဂုဏ်ယူဝင့်ကြွားလျက် ကိုယ်ကိုယ်ကိုယ် အာဗြံဟံ၏သားဟု ကြွေးကြော်ကြ သော်လည်း ဘုရားသားတော်ကို…

အမွေချန်ရစ်ပါ

လမ်းပြုပြင်တည်ဆောက်ရေးဌာနမှ အလုပ်သမားခေါင်းဆောင်တစ်ဦး မတော်တဆမှု ဖြစ်ကာ ဆုံးပါးသွားရာ သူ့ကိုချစ်သည့်မိသားစု၊ လုပ်ဖော်ဆောင်ဖက်နှင့် ရပ်ကွက် အတွက် ပြောမပြနိုင်လောက်အောင် ခံစားခဲ့ရသည်။ သူ့အသင်းတော် သေးသေးလေး၌
လာရောက်မေတ္တာပြသည့် ၀မ်းနည်းသူများအတွက် နေရာမဆံ့သဖြင့် ပို၍ကြီးမားသော အဆောက်အဦ၌ ဈာပနအခမ်းအနားကို ပြောင်းရွှေ့ ကျင်းပခဲ့ရသည်။ မိတ်ဆွေနှင့် မိသားစုများက ခန်းမအပြည့် ဖြစ်ခဲ့သည်။ ဆိုလိုရင်းက ရှင်းပါသည်။ တင်းမ်သည် သူမတူသောနည်းဖြင့် ဘ၀အသက်တာများကို ထိတွေ့ခဲ့ သည်။ သူ၏ ကြင်နာစာနာမှု၊ ရွှတ်နောက်တတ်မှု၊ လူ့ဘ၀ အသက်တာကို စိတ်ဝင်စားမှုများအားဖြင့် လူများစွာတို့ သူ့ကို အောက်မေ့မည် မလွဲပါ။
ထိုဈာပနမှအပြန်တွင် ယဟောရံမင်း၏အသက်တာ အကြောင်းကို ကျွန်တော်ဆင်ခြင်မိသည်။ သူစိုးစံခဲ့သော အချိန်တိုအတွင်း သူ၏ရက်စက်ယုတ်မာမှုကို (၆ ရာ ၂၁)တွင် ခြေရာခံ တွေ့နိုင်သည်။ သူ့အာဏာ တည်မြဲခိုင်မာရေးအတွက် ညီတော်အပေါင်းနှင့် ဣသရေလမှူးတော် မတ်တော် အချို့ကို…

ပြန်လည်သင့်မြတ်စေသူ

၁၉၅၇ ခုနှစ် တနင်္ဂနွေနေ့ တစ်မနက်၌ ဒေါက်တာမာတင်လူသာကင်းဂျူနီယာသည် တရားဒေသနာဝေငှရင်း လူမျိုးခွဲခြားရေးဝါဒ အရိုးစွဲနေသည့် လူ့အဖွဲ့အစည်းကို လက်တုံ့ပြန် ကလဲ့စားချေရန် သွေးဆောင်ခံရမှုကို တွန်းလှန်ခဲ့သည်။
“ရန်သူကို ဘယ်လိုချစ်ကြမလဲ၊ ကိုယ်ကိုယ်တိုင်က စရမယ်...ကိုယ့်ရန်သူကို အနိုင်ယူလိုက်ဖို့ အခွင့်ရလာတဲ့အချိန်မှာ အနိုင်မယူလိုက် ဖို့က ကျုပ်တို့လုပ်ရမယ့်အရာပဲဖြစ်တယ်” ဟု  အယ်လ်ဘားမား
ပြည်နယ်၊ မွန်ဂိုမာရီ ရှိ ဒက်စကာ ရိပ်သာ နှစ်ခြင်းအသင်းတော် ၌ ၀တ်ပြုစည်းဝေး ပရိတ်သတ်များကို ပြောကြားခဲ့သည်။
သခင်ယေရှု၏စကားကို ကိုးကားပြီး သူက “သင်တို့ သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သား ဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို
ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက် ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့” (မ ၅း၄၄-၄၅) ဟုဟောကြားခဲ့သည်။
မိမိကို…

အဖော်မဲ့ရာသီ

လက်ဆောင်ရရှိသည့် ခရစ်စမတ်ကဒ်အပုံကြားမှ ကိုယ်တိုင် ပြုလုပ်ဆေးချယ်ထားသော အဖိုးတန် ခရစ်စမတ်ကဒ်တစ်စောင်ကို ပြန်တွေ့ခဲ့သည်။ ရိုးရှင်းလှသော ရေဆေး စုတ်ချက်ဖြင့် ဆောင်းရာသီ တောင်ကုန်းတောင်တန်းရှုခင်းကို   စိမ်းလန်းသောသစ်ပင် များဖြင့် အသက်ဝင်စေသည်။ ဘောင်ကွပ်ထားပြီး လက်ရေးဖြင့် ‘‘သင်၌ ငြိမ်သက်ခြင်း ရှိပါစေ’’ ဟူ၍ ခွန်အားပေးထားသည်။
ထိုပို့စကဒ်လေးကို ပြုလုပ်သူမှာ အကျဉ်းကျ နေသည့်
ကျွန်တော့်သူငယ်ချင်းဖြစ်သည်။ သူ့လက်ရာကို အထင်ကြီး လေးစားမိနေရင်း သူ့ဆီ စာမရေးဖြစ်သည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သတိရလိုက်ရသည်။
ရှေးယခင်ကလည်း အကျဉ်းသားတစ်ယောက်သည် စီရင်ချက်ကို စောင့်နေရင်း လျစ်လျူရှုခံခဲ့ရသည်။ ‘‘လုကာ တစ်ယောက်ထဲသာ ငါထံမှာ ရှိနေ၏’’ ဟု ရှင်ပေါလုက တိမောသေထံ စာရေးခဲ့သည် (၂ တိ ၄း၁၁)။ ‘‘ငါ့ဘက်၌ အဘယ်သူမျှ မနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏’’ (း၁၆)။ သို့သော်…

ရောမငြိမ်းချမ်းရေး (Pax Romana)

စစ်ပွဲ၏ရလဒ်ကို မည်သူမျှ မခံစားနိုင်ပါ။ နိုင်ငံပေါင်း ၆၄ နိုင်ငံသည် လက်နက်ပြဿနာ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရကြောင်း အင်တာနက်စာမျက်နှာ ၀က်ဆိုက်တစ်ခုမှ အစီရင်ခံထားသည်။ ထိုအရာများ မည်သည့်အချိန်တွင် မည်သို့ပြီးဆုံးမည်နည်း။ ငြိမ်းချမ်းရေးကိုသာ လိုလားသော်လည်း တရားမျှတမှု မရှိသည့်အဖြစ်ကိုဖြင့် မလိုချင်ပါ။
သခင်ယေရှုသည် ငြိမ်းချမ်းသည့်ကာလတွင် မွေးဖွား ခဲ့သည်။ သို့သော် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုဖြင့် ရယူထားသည့် ငြိမ်းချမ်းရေး ဖြစ်သည်။ Pax Romana ခေါ် ရောမငြိမ်းချမ်းရေးသည် သဘောထားကွဲလွဲမှုများကို ဖိနှိပ် ချေမှုန်းနိုင်ခဲ့ခြင်းကြောင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဤကဲ့သို့ ငြိမ်းချမ်းရေးကာလမတိုင်ခင် (၇)ရာစုခန့်က ရန်သူစစ်တပ်က ယေရုရှလင်သို့ ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။ စစ်၏လောင်းရိပ်အောက်တွင် ဘုရားသခင် သည် မှတ်သားဖွယ်ရာကြေငြာချက်ကို တုန့်ပြန်ခဲ့သည်။ မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသော
အလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၏အလင်း ပေါ်ထွန်းလျက်
ရှိ၏’’…

သတ္တမမြောက် ကဗျာစာပိုဒ်

၁၈၆၁ ခုနှစ် နွေရာသီ၌ Henry Wadsworth Longfellow ၏ဇနီး Frances မီးထဲ ပါသွားသည်။ သူမ မရှိသော ပထမဆုံးခရစ်စမတ်တွင် သူက ‘‘ပြောမပြတတ်အောင် လွမ်းဆွေးဖွယ်၊ ၀မ်းနည်းဖွယ်ကောင်းသော အားလပ်ရက်များ’’ဟု မှတ်စုစာအုပ်ထဲတွင် ရေးခဲ့သည်။ နောက်တစ်နှစ်အကြာတွင်လည်း ဘာမျှမထူး၊ သူက ‘‘ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်’’ ဟု ကလေးများက နှုတ်ခွန်းဆက်ရာ ‘‘ငါ့အတွက် တော့ မဟုတ်ပါလား’’ ဟုရေးပြန်သည်။
၁၈၆၃ ခုနှစ်တွင် ကြာရှည်စွာ အမေရိကန်  ပြည်တွင်းစစ် ဆက်ဖြစ်နေချိန် သားဖြစ်က သူ့ဆန္ဒကို ဆန့်ကျင်၍ စစ်ထဲဝင်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုနှစ် ခရစ်စမတ်နေ့တွင် ‘‘ရင်ဆို့နှစ်ဖွယ်ရာ ခရစ်စမတ် ရောက်ပြီ’’ ဟု ဘုရားကျောင်းခေါင်းလောင်းသံက အသိပေး
လာသည်။ Longfellow သည် ဖောင်တိန်ကိုင်ပြီး ‘‘ခရစ်စမတ်
နေ့တွင် ခေါင်းလောင်းသံကိုကြားခဲ့ရပြီ’’ ဟုစရေးလိုက်သည်။…

စိတ်ပျက်စရာများ၏အလွန်တွင်

နောက်ထပ်ညီမလေးတစ်ယောက် ထပ်ရပြီးဟု သိလိုက်ရသည့် သူငယ်လေး တစ်ယောက် အကြောင်း ဗီဒီယို ဇာတ်ကားကို သင်ကြည့်ဖူးမည်။ ‘‘အမြဲတမ်း မိန်းကလေး၊ ... မိန်းကလေး ချည်းပဲ လာနေတယ်’’ ဟု သူစိတ်ပျက်လက်ပျက် ညည်းတွားသတည်း။
မျှော်လင့်သည့်အတိုင်း ဖြစ်မလာသည့် လူ့သဘာဝကို ဟာသနှော၍ ဖော်ကျူးခြင်း
ဖြစ်သော်လည်း စိတ်ပျက်အားလျော့ခြင်း သဘောက ရယ်စရာ
မဟုတ်ပါ။ ကျွန်ုပ်တို့၏ကမ္ဘာကို လွှမ်းမိုးသွားနိုင်သည်။ ကျမ်းစာထဲတွင် စိတ်ပျက်အားလျော့ခြင်း အကြောင်းကို အထူး ဖော်ကျူးသည့် ဇာတ်လမ်းတစ်ခုရှိသည်။ ယာကုပ်သည် သူ့အလုပ်ရှင်၏သမီး ရာခေလအား လက်ထပ်ခွင့် ရရန် ၇ နှစ်
အလုပ်လုပ်ပေးရန် သဘောတူခဲ့ပြီး သဘောတူညီချက် အတိုင်း လုပ်ဆောင်ပြီးနောက် အံ့ဩစရာ မင်္ဂလာဦးည လက်ဆောင်ကို ရရှိခဲ့သည်။ မိုးလင်းသော် ရာခေလ မဟုတ်ဘဲ သူ့အစ်မ လေအာကို ယာကုပ် တွေ့လိုက်ရသည်။ ယာကုပ်…